Terms and Conditions

ပို့ဆောင်မှုနှင့် ဆိုင်သောစည်းကမ်းချက်များ

  1. ၁ ။ အောက်ပါပစ္စည်းများအား ပေးပို့ခွင့်မပြုပါ
    1. (က) တည်ဆဲဥပဒေများဖြင့် ဆန့်ကျင်သည့် ပစ္စည်းများ
    2. (ခ) အမြင်မတော်သော အကျင့်စာရိတ္တကို ပျက်စီးစေနိုင်သော ပစ္စည်းများ
    3. (ဂ) နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမည့် စာအုပ် စာတမ်းများ
    4. (ဃ) နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် အားပေးလှုံ့ဆော်စာများ
    5. (င) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ပစ္စည်းများ
    6. (စ) ပေါက်ကွဲစေတတ်သော၊ မီးလောင်လွယ်သော၊ ရေဒီယိုသတ္တိကြွသော ပစ္စည်းများနှင့် အခြားအန္တရာယ်ရှိနိုင်သော ပစ္စည်းများ
    7. (ဆ) သက်ရှိသတ္တဝါများ
    8. (ဇ) ငွေအကြွေများ၊ ငွေစက္ကူများနှင့် အခြားတန်ဖိုးကြီးသော ပစ္စည်းများ
    9. (ဈ) ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာများ
    10. (ည) နိုင်ငံတော်က ထုတ်ပြန်ထားသည့် ထီလက်မှတ်များမှအပ အခြား ထီလက်မှတ်များ
    11. (ဋ) လုံခြုံစွာ ထုပ်ပိုးချည်နှောင်ထားခြင်းမရှိသော ချွန်ထက်သည့် ပစ္စည်းများ
    12. (ဌ) မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ
  2. ၂ ။ ပေးပို့မည့်လိပ်စာအား ပြည့်စုံမှန်ကန်စွာ ဖော်ပြရမည်ဖြစ်ပြီး လိပ်စာမပြည့်စုံမှုကြောင့် ပေးပို့မှု မအောင်မြင်ခဲ့ပါက ပေးပို့သူ၏တာဝန်သာ ဖြစ်ပါသည်။
  3. ၃ ။ ပေးပို့သော ချောစာ/ ထုပ်များနှင့် ပတ်သက်သော ကိစ္စအားလုံးကို ပေးပို့သူမှ တာဝန် ယူရပါမည်။
  4. ၄ ။ လက်ခံပြီးသော ချောစာ/ ထုပ်များအတွက် ငွေပြန်မအမ်းပါ။
  5. ၅ ။ ပေးပို့သော ချောစာ/ ထုပ်များကို လုံခြုံရေးအရ စစ်ဆေးခြင်းခံယူရပါမည်။
  6. ၆ ။ ပစ္စည်း၏မူလတန်ဖိုးကို ဖော်ပြထားမှသာလျှင် ပေးလျော်ခြင်းကဏ္ဍအား ဆောင်ရွက် ပေးမည် ဖြစ်ပါသည်။
  7. ၇ ။ ချောစာ/ ထုပ်များ ပျက်စီး၊ ပျောက်ဆုံးမှုအတွက် လျော်ကြေးငွေ၏ အများဆုံး သတ်မှတ်ချက်မှာ “ တစ်သိန်းကျပ် ” (၁၀၀,၀၀၀/-) ဖြစ်ပြီး ချောစာ/ ထုပ်များ၏ မူလတန်ဖိုးမှာ “ တစ်သိန်းကျပ် ” ထက်လျော့နည်းနေပါက မူလတန်ဖိုး အတိုင်းသာ ပေးလျော်ပါမည်။ အကျိုးဆက်တန်ဖိုးနှင့် ထပ်ဆင့် အနာဂတ် တန်ဖိုးများကို မူလ တန်ဖိုးတွင် ထည့်သွင်းတွက်ချက်ခြင်း လက်မခံပါ။
  8. ၈ ။ ချောစာ/ ထုပ်များ ပျက်စီး၊ ပျောက်ဆုံးမှုအတွက် လျော်ကြေး ငွေတောင်းခံပါက ပစ္စည်း လက်ခံရရှိသည့် အချိန်မှစ၍ (၂၄) နာရီအတွင်း အကြောင်းကြား ရမည်ဖြစ်ပြီး (၇) ရက်အတွင်း စာဖြင့် တောင်းခံရမည်ဖြစ်ပါသည်။ ထိုသို့တောင်းခံ ရာတွင် T&C Yangon Co.,Ltd. မှ ချောစာ/ ထုပ်ပစ္စည်းများ၏ မူရင်းလက်ခံပြေစာနှင့် အတူတောင်းခံရမည်ဖြစ်ပြီး သတ်မှတ်ရက် ကျော်လွန်ပါက လျော်ကြေးငွေမပေးပါ။
  9. ၉ ။ ပစ္စည်းများ၏ ထုပ်ပိုးမှုကို ပေးပို့သူမှ တာဝန်ယူရမည်ဖြစ်ပြီး ကျိုးပဲ့၊ ကွဲရှ၊ ယိုစိမ့် နိုင်သော ပစ္စည်းမျိုး ပေးပို့မှုအပေါ် လျော်ကြေးပေးမှု အကျုံးမဝင်ပါ။
  10. ၁၀ ။ ချောစာ/ထုပ်များအား လက်ခံရရှိသော အလေးချိန်နှင့် ပေးဝေရန် ရရှိသော အလေးချိန် တို့သည် ကွဲလွဲမှုမရှိဘဲ အတွင်းပါပစ္စည်းအရေအတွက် လျော့နည်းခြင်း၊ ပျောက်ဆုံး ခြင်းတို့ဖြစ်ပေါ်ပါက ပေးလျေော်ခြင်းကိစ္စအား ဆောင်ရွက်ပေးမည်မဟုတ်ပါ။
  11. ၁၁ ။ ချောစာ/ ထုပ် တစ်ထုပ်အား လိပ်မူထားသော လိပ်စာသို့သာ ပေးပို့ပါမည်။
  12. ၁၂ ။ ပြန်လည်အစားထိုးပေးပို့၍ မရနိုင်သော ချောစာ/ ထုပ်များအတွက် T&C Yangon Co.,Ltd. လုပ်ငန်းမှ မှတာဝန်ယူ၍ မရပါ။
  13. ၁၃ ။ ပြည်ပနိုင်ငံများသို့ ပေးပို့သော ချောစာ/ ထုပ်များသည် အကြောင်းအမျိုးမျိုးကြောင့် တစ်ဖက်နိုင်ငံမှ ပေးဝေမရ၍ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါက တစ်ဖက်နိုင်ငံမှ တွက်ချက်ထားသည့် လေကြောင်းခအတိုင်း တင်ပို့သူမှ ပြန်လည်ကျခံ၍ ရွေးယူရမည် ဖြစ်ပါသည်။
  14. ၁၄ ။ ယေဘုယျအားဖြင့် အောက်ပါပစ္စည်းများအားတင်ပို့၍ မရပါ

    ( သက်ဆိုင်ရာနိုင်ငံ၏ customs rule ပေါ်မူတည်၍ အနည်းငယ်ကွဲလွဲနိုင်ပါသည်။ )

    1. (က) ကြက် ၊ ဝက် ၊ အမဲ ၊ ဆိတ် ၊ ဆပ် ၊ ပုရစ် ၊ ကြွက် စသောအသားများအပြင် အသားနှင့်ဆင်တူသော အခြားအစားအစာများ ။
    2. (ခ) ပုတ်လွယ် ၊ သိုးလွယ် ၊ မှိုတက်လွယ်သော အစားအစာများ ။
    3. (ဂ) အိမ်လှန်း အရွက်ခြောက် ၊ အပွင့်ခြောက် ၊ အသီးခြောက်များ ။
    4. (ဃ)သရက်သီး ၊ ဒညင်းသီး ၊ မရမ်းသီး ၊ မျှစ်ချဥ် ၊ သံပုရာသီး ၊ ပဲစိမ််း ၊ ငရုပ်သီး စသော အသီးအစိမ်းများ။
    5. (င) နေကြာစေ့ ၊ သီဟိုဠ်စေ့ ၊ သာကူစေ့စသော အစေ့အစံများ ။
    6. (စ) သားအိမ်နှင့်ပတ်သက်သော ဆေးဝါးများနှင့်ခံတွင်းနှင့်ပတ်သက်သောဆေးဝါးများ ။ ( သွားတိုက်ဆေး ၊ မျက်စဥ်း မရပါ ) ( အခြားဆေးဝါးများအား နားလည်မှုအရ အနည်းငယ်သယ်ဆောင်ခွင့်ပေးပါသည်။)
    7. (ဆ) မူးရစ်ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ ။( ကွမ်း ၊ ဆေးလိပ် ၊ ထုံး ၊ Vape / Pod )
    8. (ဇ) ရွှေ ၊ ငွေ ၊ ရတနာနှင့် ဆက်စပ်တွင်းထွက်သယံဇာတပစ္စည်းများ ။
    9. (ဈ) သနပ်ခါးတုံး ၊ ငှက်သိုက်အစိမ်း ၊ ပျားရည်စသော သစ်တောထွက်သယံဇာတပစ္စည်းများ ။
    10. (ည) Gas/Spray ပါဝင်သော Cosmetics ပစ္စည်းများ ။
    11. (ဋ) စားသုံးဆီ ၊ အရည်စိမ့်လွယ် ထွက်လွယ်သောပစ္စည်းများ ။
    12. (ဌ) Battey ပါဝင်သော ပေါက်ကွဲလွယ်ပစ္စည်းများ ။
    13. (ဍ) ကျိုးလွယ် ကွဲလွယ် ပဲ့လွယ်သော ပစ္စည်းများ ။
    14. (ဎ)Brands တံဆိပ်များ၏ Copy ပစ္စည်းများ ။
  15. ၁၅ ။ ပစ္စည်းပေးပို့( ပို့ဆောင် )သောနိုင်ငံ၏ ပို့ကုန်/သွင်းကုန်ဆိုင်ရာ စည်းမျဥ်းစည်းများကိုဖောက်ဖျက်၍ ကွယ်ဝှက်ပြီးထည့်ဆောင်သော ပစ္စည်းများအတွက် သက်ဆိုင်နိုင်ငံမှ ဥပဒေအရအရေးယူဆောင်ရွက်လာပါက ပစ္စည်းပို့ဆောင်သူနှင့်လက်ခံသူမှ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည်။
  16. ၁၆ ။ ပစ္စည်းပေးပို့ရာတွင် အဆင်မပြေမှုတစ်စုံတစ်ရာရှိပါက T&C Yangon Co.,Ltd.Customer Care ဖုန်းနံပါတ် +959 404 100 259 ( Myanmar ) / +813 6323 8257 ( Japan ) သို့ဖြစ်စေ ၊ Official Facebook PageMessenger မှ ဖြစ်စေ အသိပေး ပြောကြားနိုင်ပါသည်။
terms
condition